
၇.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ထမင်းနှင့်အစား အသောက်များရောင်းချနေသည့် ရွှေမျက်မှန်(ထမင်းဆိုင်)၊ ခရေ(၁) စားသောက်ဆိုင်နှင့် ခရေ (၂) စားသောက်ဆိုင်များသို့ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အစားအသောက်များပြင်ဆင်ရောင်းချ ဝန်ဆောင်မှုပေးနေ သည်များကို သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနများအလိုက် စားသုံးသူများ ဘေးအန္တရာယ်ကင်းစွာ စားသုံးနိုင်ရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် များပြင်ဆင်ရန်၊ ဆိုင်အတွင်းအပြင်ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေးထားဆောင်ရွက်ရန်၊ ဝန်ဆောင်မှုပေးသည့် အဖိုးအခများအား စားသုံးသူများ ပွင့်လင်း မြင်သာစွာဖော်ပြထားရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေးကို ဦးစားပေးရောင်းချဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်၊ အသိပေး/သတိပေးချက်များကို တိကျစွာလိုက်နာ၍ အစားအသောက်များကို ရောင်းချဝန်ဆောင်မှုများ ပြုလုပ်သွားရန်တို့ကို အသိပေးဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)