
စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၈.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟင်္သာတခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ရှိ ရတနာမဥ္ဇူရန်ပြေစေတီ ဓမ္မာရုံတွင် ၂၀၂၅ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်း ပြည့်မှီကျော်လွန်စေရေး တောင်သူများအား အသိပညာပေးဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်က လယ်ယာထွက်သီးနှံများနှင့် ပါတ်သတ်၍ ဈေးနှုန်းဈေးကွက်၊ ဝယ်လိုအား၊ ရောင်းလိုအားအခြေအနေများဆွေးနွေးခဲ့ပြီး၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အ သားပြည့်စုံစွာရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း ၊ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူ နစ်နာဆုံး ရှုံးမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင် ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ် ပြောကြားခဲ့ပြီး နေ့လည်(၁၂:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ပါ သည်။
DOCA(ဧရာဝတီ)