
စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေး အတွက် မိတ်ဖက်ဌာနဖြစ်သည့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် (၇.၅.၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ မြို့မစျေးအတွင်းရှိ စားသောက်ကုန်ရောင်းချသည့် စျေးဆိုင်(၈)ဆိုင်တို့အား မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စျေးကွက်အတွင်းရောင်းချသော စားသောက်ကုန်များကို နမူနာ(၅)မျိုး ကောက်ယူ၍ Mobile Lab Van ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ မုန့်ဟင်းခါးဖတ်နှင့် ပဲပြားတို့မှာ ခွင့်မပြုတာရှည်ခံဆေးနှင့် ခွင့်မပြုချွတ်ဆေးများ သုံးစွဲထားခြင်းမရှိကြောင်း၊ ငပိ၊ မျှစ်နှင့် ထန်းလျက် တို့အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဓါတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီးမှ ဆက်လက်တင်ပြမည်ဖြစ်ကြောင်းနှင့် ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲခြင်းမပြုစေရေး အသိ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်တာဝန်ခံမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ စျေးဆိုင်ပိုင်ရှင်များကိုလည်း စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ တွင်ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာ ပြဌာန်းချက်များ၊ ပုဒ်မ (၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ စားသုံး သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းမှုအပေါ် ရောင်းချဖြန့်ဖြူးသူတို့မှလည်း သိရှိနားလည်ပါကြောင်း ဝန်ခံကတိပြုခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(မကွေး)