Main menu

စိုက်ပျိုးရေးသုံး၊ ဓာတ်မြေဩဇာများ ဈေးမြှင့်တင် ရောင်းချမှုရှိ/မရှိ ကွင်ဆင်းစစ်ဆေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် မြေဩဇာ ရောင်းချနေသော စိုက်ပျိုးရေးနှင့် ဓါတ်မြေဩဇာရောင်းဝယ်ရေးလုပ်ငန်းရှင်ဆိုင် (၅)ဆိုင်အား  နတ်တလင်းမြို့နယ် မြို့နယ်တာဝန်ခံရုံး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ထွေအုပ်၊ မြို့နယ်စည်ပင်၊ စိုက်ပျိုးရေး၊ မြို့နယ်မြေစာရင်း၊ ဆည်/မြောင်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍    မေလ ပထမပတ်တွင်  ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

      ယူရီးယား မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏  ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း  အသင်းဝင် ကုမ္ပဏီများအနေဖြင့် တောင်သူများအဓိက သုံးစွဲလျက်ရှိသော ရန်ကုန်အထိုင် ဈေးနှုန်းများအဖြစ် (၁.၅.၂၀၂၅)မှ (၃၁.၅.၂၀၂၅)ရက်ထိ  (က) ယူရီးယား (အလုံးကြီး) ၅၀ကီလိုတစ်အိတ် ၉၅၀၀၀၀ကျပ်၊ (ခ) Rock Phosphate အခြေခံ ၁၅ပတ်လည် ၅၀ကီလိုတစ်အိတ် ၁၂၄၀၀၀၀ကျပ် (ဂ)    Di Ammonium Phosphate အခြေခံ ၁၅ပတ်လည် ၅၀ကီလိုတစ်အိတ် ၁၃၅၀၀၀ကျပ် ဈေးနှုန်းများအဖြစ် ရောင်းချပေးလျက်ရှိပါသည် ရန်ကုန်အထိုင် ဈေးနှုန်းများဖြစ်သဖြင့် ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင် အမြတ်ငွေများ အပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ပြောင်းလဲမှုဖြစ်နိုင်ပါကြောင်း မြေဩဇာ ရောင်းချနေသော စိုက်ပျိုးရေးနှင့် ဓါတ်မြေဩဇာရောင်းဝယ်ရေးလုပ်ငန်းရှင်ဆိုင် (၅)ဆိုင်အား ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး အပတ်စဉ် အဖွဲ့စုံဖြင့်    ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(ပဲခူး)