
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိရာ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၅.၂၀၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် တောင်ငူမြို့ရှိ ကန်တော် အခြေခံပညာမူလတန်းလွန်ကျောင်း တွင် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟော ပြောခဲ့ပါသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဌာနပေါ်ပေါက်လာပုံနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားပါသည်။
ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်သင်းသင်းအေးက စားသုံးသူအခွင့်အရေးနှင့် တာဝန် များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်က စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြား နိုင်ခြင်းများနှင့် ဖြေရှင်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား /ကျောင်းသူ (၁၅၃) ဦးတက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)