
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ (၈.၅.၂၀၂၅)ရက်နေ့ နံနက်ပိုင်း (၁၁:၃၀)နာရီအချိန်တွင် ဖြူးမြို့မဈေးနှင့် ဆေးဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ဖြူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများ၌ ခွင့်မပြုဓါတုဆေးများပါဝင်မှုရှိ/မရှိနှင့် ရက်လွန်/မလွန်ကိုလည်းကောင်း၊ ဖြူးမြို့ပေါ်ရှိ ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများနှင့် ရက်လွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိကို လည်းကောင်း စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန် ဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များအား အသိ ပညာပေးပြောကြားခဲ့ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာသို့ ခရိုင်အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်သူသူဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးအေးမင်းနိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၂) ဦးဇင်ဖြိုးကျော် နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးကျော်ကျော်ထွန်းတို့ ဦးဆောင်သောသက် ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)