
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထား စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံမြေပဲများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှထွက်ရှိသော မြေပဲအသစ်များ ဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ဝင်ရောက်လာသည့် မြေပဲဆံနှင့်မြေပဲအတောင့် များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲအတောင့်နှင့် အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း အဝယ်လိုက်ပြီး မြေပဲတောင့်/အဆံ အရည်အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေး အနိမ့်၊ အမြင့် ရှိကြောင်း သိရှိရသည်။ ပြည်တွင်း စားသုံးဆီ ဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့် သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်း ဆုံ/ ဆီစက်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆံဝယ်လိုအားကောင်းပြီး ဈေးကွက် သိသိသာသာကျဆင်းခြင်းမရှိ အရောင်းအဝယ်သွက်လျက်ရှိပြီး ပဲဖတ်ဈေးမှာလည်း ပြည်တွင်းမွေးမြူရေးအစားအစာ ဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှုအနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန် နှမ်းဖတ်ချဉ်အဖြစ် ထုတ်လုပ်ရောင်းချရမှာလည်း စားသုံးသူဈေးကွက် ကောင်းမွန်ခြင်းကြောင့် ပဲဖတ်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်ခြင်းအပြင် ပြည်တွင်းဆီစက် လုပ်ငန်းရှင်များမှလည်း မြေပဲဆုံပဲဖတ်များကို ပြန်လည်ကြိတ်ပြီး ဆီထုတ်လုပ်ခြင်းအတွက် ပြန်လည်ဝယ်ယူမှုများ၍ ပဲဖတ်ဈေးကွက်မှာလည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရ သည်။
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ယခု၂၀၂၅ခုနှစ်၊ မေလ (ပထမပတ်)တွင် မြေပဲဈေးကွက် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၀၀၀ - ၄၅၀၀ - ၃၅၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၉၄၀၀-၉၃၅၀-၉၂၀၀-၉၀၀၀)၊ မြေပဲလုံးဆံဖြူတစ်ပိဿာလျှင် ကျပ်(၉၃၅၀-၉၀၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၈၆၀၀-၇၀၀၀-၆၈၀၀)၊ ဆုံမြေပဲဖတ်(အခွေ)တစ်ပိဿာလျှင် ကျပ်(၃၇၀၀-၃၇၅၀)၊ စက်ပဲဖတ်တစ်ပိဿာလျှင်ကျပ်(၄၀၀၀-၄၁၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင် ဧပြီလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါကတစ်ပတ်အတွင်း မြေပဲဆံတစ်ပိဿာ ကျပ်(၁၀၀)ခန့် ဈေးမြင့်တက်ပြီး ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးကျဆင်းကြောင်း၊ ပခုက္ကူမြေပဲ ဈေးကွက်သို့ ဆောင်းမြေပဲ(အသစ်)များ ပခုက္ကူ/ မြိုင် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ယောနယ် (ထီးလင်း၊ ဂန့်ဂေါ)ဒေသများမှ ဝင်ရောက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ကုန်ချိန်အများဆုံး ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ် ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေး ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ယခုရာသီချိန်ကာလတွင် သီးနှံပေါ်ချိန်မဟုတ်၍ စိုက်တောင်သူများမှ ရောင်းချမှုနည်းပြီး မြို့ပေါ်ရှိ ဝယ်လက်ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော မြေပဲဆံ၊ မြေပဲတောင့်များ အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း၊ မြေပဲဆံဈေးမြင့်တက်ပြီး ပဲဖတ်ဈေး သိသိသာသာကျဆင်းပြီး အရောင်း အဝယ်ဖြစ်ကြောင်း ပွဲရုံဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)