Main menu

ချောက်မြို့မစျေးရှိ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/မရှိနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၅.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းမရှိစေရန် အတွက် စစ်ဆေးခြင်း၊ ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်  ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခဲ့ရာ ဆန်ဆိုင်များတွင် သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်း နှင့် အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(မကွေး)