Main menu

ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် ဝန်ထမ်းများအား စနစ်တကျကြပ်မတ်ဆောင်ရွက် အသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးဇော်မင်းက မအူပင်ခရိုင်ရုံးဝန်ထမ်းများအား အထက်ဌာန’ လမ်းညွှန်ချက်များကို တိကျလိုက်နာဆောင်ရွက်တက်စေရန်နှင့် မိမိပတ်ဝန်းကျင်နှင့် ရုံးများ မိမိတို့နေအိမ်များတွင်လည်း ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် လိုက်နညဆောင်ရွက်တက်စေရန် ဝန်ထမ်းများ စုပေါင်း၍ အမှိုက် စနစ်တကျစွန်ပစ်နိုင်ရေးကို စီမံဆောင်ရွက်ခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြသည်။

     လုပ်ငန်းဆောင်ရွက်ရာတွင် မအူပင်ခရိုင်းရုံးအတွင် ရုံးအသုံးအဆောင် ပစ္စည်းများကိုင်တွယ် သုံးစွဲသည်အခါတွင်လည်းကောင်း၊ မိမိတို့အသုံးပြုသော အမှိုက်များကို အမျိုးအစားအလိုက်ခွဲ၍ စနစ်တကျစွန်ပစ်တက်ရန် အမှိုက်အစို၊ အခြောက်ခွဲခြားစွန်ပစ်ရန်၊ ပုလင်းခွံများကို ခွဲခြား၍ အမှိုက်ကျဉ်းပြုလုပ်ကာ စွန့်ပစ်ရန်၊ သတ်မှတ်စည်ပင်အမှိုက်စွန်ပစ်နေရာတွင် အမှိုက်ပစ်ခြင်းကို နေ့စဉ် သတ်မှတ်၍ အလှည့်ကျစွန်ပစ်ရန်၊ အမှိုက်ပုံး၊ အမှိုက်ခြင်းများ ရုံးသတ်မှတ်နေရာထားရှိထားရန်၊ အမှိုက်အပစ်ရ နေရာစာတမ်းချိတ်ဆွဲထားရန် တို့ကို လူတစ်ဦးခြင်းမှ ၊ အိမ်ထောင်စု တစ်ခုစာနှင့် ရုံးဝန်တစ်ခုစာ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်တက်မှသာ မြို့နယ်များ သန့်ရှင်းသာယာလှပမည်ဖြစ်ကြောင်း မအူပင်ခရိုင်ရုံးဝန်ထမ်းများကဘည်း စနစ်တကျအမှိုက်ပစ်စနစ် မှန်ကန်ရေး လုပ်ငန်းကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)