
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် တာဝန်ခံရုံးအနေဖြင့် ဒေသတွင်းရောင်းချနေသော စက်သုံးဆီများ အလေးချိန်ပြည့်ဝမှု ရှိစေရေးနှင့် သတ်မှတ်စက်သုံးဆီအလိုက် စံနှုန်းကိုက်ညီမှု ရှိစေရန် စက်သုံးဆီရောနှောမှု မရှိစေရေးကို စစ်ဆေးခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိမရှိကို စစ်ဆေးခြင်းကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ၆-၅-၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အရံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်စစ်ဆေးခဲ့ကြပြီး ညောင်တုန်မြို့နယ် ရန်ကုန် -ပုသိမ် ကားလမ်းဘေးတွင် ဖွင့်လှစ်ရောင်းချနေသော Ok၊ MAX၊ အောင်ထက်လင်း၊ ATM ၊ UTT၊ တော်ဝင်သူ၊ ရွှေတံတား၊ ပေါက်ပေါက်ပွင့်၊ ကျော်စံ စသော စက်သုံဆီအရောင်းဆိုင် (၉)ဆိုင်အား စစ်ဆေးခဲ့ရာ မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအားသွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့် လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်း ထက်မြှင့်တင် ရောင်းချခြင်းမပြုရန်၊ မီးဘေးလုံခြုံရေးအထူးသတိပြုလိုက်နာဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအလိုက် စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဆီသိုလှောင်ထားရှိမှုအခြေအနေ၊ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီဘေးကြိုတင်ကာကွယ်ရေးပစ္စည်များ စနစ်တကျစီစဉ်ဆောင်ရွက်ထားမှု ရှိ/မရှိတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အလေးထားဆောင်ရွက်သွားရန်တို့ကို လုပ်ငန်းရှင်များအား ဆွေးနွေးမှာကြားခဲ့သည်။ မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များက ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာဝယ်ယူနိုင်ရေး ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)