
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာနှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ လာရောက်ရောင်းချခြင်းဖြစ်ပါသည်။ ဆူးပုတ်ရွက်ကို မိမိတို့ဒေသ တွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများသော အရွက်တစ်မျိုးဖြစ်ပါသည်။
ယခင် ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် ရောင်းချ လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၁၀၀)ကျပ်၊ (၁၀)စည်း ပါ တစ်ထုံးလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု မေလ ဒုတိယပတ်တွင် ကန့်ဘလူမြို့ မိုးမလင်းဈေး၌ ဆူးပုတ်ရွက် တစ်စည်းလျှင်(၂၀၀)ကျပ် (၃)စည်းလျှင်(၅၀၀)ကျပ်နှင့် (၁၀)စည်း တစ်ထုံးလျှင်(၁၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဆူးပုတ်ရွက်ဈေးအနည်းငယ်မြင့်တက်လျက်ရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချ သည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)