
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့တွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ “ဒေါ်ထက်” အသားခြောက်လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည် များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ် ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် “ဒေါ်ထက်” အသားခြောက်လုပ်ငန်းမှ “ဒေါ်ထက်”အမှတ်တံဆိပ် ဆိတ်သား ခြောက်နှင့် ဆိတ်သားခြောက်မီးကင် ကုန်စည်(၂)မျိုးကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေး တွေ့ရှိရပြီး ၎င်းကုန်စည်(၄)မျိုး၏ ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ကိုက်ညီ မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေအခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက် အလက်များအကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)