Main menu

ဟင်္သာတခရိုင်အတွင်းရှိ စားသောက်ဆိုင်များနှင့်အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနဆိုင် ရာများနှင့်ပူးပေါင်း၍  စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် (၂၈.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အတွင်းရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်အတွင်း သန့်ရှင်းသပ်ရပ်မှု၊ ပေးအပ်သည့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ လုံလောက်သည့် သတင်းအချက်အလက်များ ကို ပွင့်လင်းမြင်သာစွာ ဖော်ပြထားမှု ရှိ/မရှိနှင့် အစားအသောက်ကိုင်တွယ်ချက်ပြုတ်သည့်နေရာများ တွင် သန့်ရှင်းမှု ရှိ/မရှိ စသည်တို့ကိုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဟင်္သာ တမြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူများ ကျန်းမာရေးပြဿနာများမှ ကာကွယ်ရန် အန္တရာယ် ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစားအသောက်ပြင် ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်‌ကောင်းများ၊ အဖုံးပါသော အမှိုက်ပုံး များ လုံလောက်စွာထားရှိရန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဆိုင်(၅)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)