
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန Thursday Talk ဟောပြောပွဲကို ၂၅.၄.၂၀၂၅ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီတွင် virtural ဖြင့် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူး၊ ဌာနခွဲတာဝန်များနှင့်ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း( ၁၂၀ )ဦး ခန့် တက်ရောက်ခဲ့ပါသည်၊၊
အဆိုပါ Thursday Talk ဟောပြောပွဲတွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး၊ ဒေါ်ခင်စန်းအေး က ဘိုကလေးမြို့နယ်ရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးရန်အတွက် ဂွတ်ရှယ် သုံးထောင့်မုန့် လုပ်ငန်းသို့ ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်နေမှုများ မုန့်များတွင် ကုန်အညွှန်းဖော်ပြ ထားမှုရှိ/မရှိ စစ်ဆေးခဲ့မှုများကို Power Point ဖြင့် ဟောပြောခဲ့ပြီး အသိပညာပေးမှုအပေါ် အားသာချက်/ အားနည်းချက်များကို တိုင်းဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူးများမှ အကြံပြုဆွေးနွေးခဲ့ပြီး တက်ရောက် လာသော ခရိုင်ဦးစီးမှူးများမှလည်း သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို ညနေ (၁၃:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)