Main menu

အင်းစိန်မြို့နယ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၄.၄.၂၀၂၅ ရက်နေ့ နံနက်(၉:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်တင်စိုးပါ ဝန်ထမ်း(၃)ဦးတို့သည် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ အဖွဲ့ဝင် ဦးကိုလတ်ပါဝင်ပူးပေါင်း၍ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်နှင့်ရွာမ အနောက်ရပ် ကွက်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန် အခြေအနေနှင့် သင့်တင်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် လက်ရှိဖြစ်ပေါ် နေသည့်ဆန်ဈေးကွက်အခြေအနေ များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရုံပိုင်ရှင်များအနေဖြင့် MyRo တွင် မှတ်ပုံတင်ပြု လုပ်ကြရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရန်ကုန်)