
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ (၃)ဦး မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ (၁)ဦး၊ အောင်မင်္ဂလာဈေးမှ တာဝန်ခံ ဦးအေးထွန်းတို့ လိုက်ပါလျက် ၄.၄.၂၀၂၅ ရက်နေ့ နံနက်(၁၁:၂၀)နာရီအချိန်တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရှိ ရပ်ကွက်ဆန်ဆိုင်များ၊ ဈေးအတွင်းရှိဆန်ဆိုင်များတွင် ဆန်ပြတ်လပ် မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်(၄)ဆိုင်နှင့် အောင်မင်္ဂလာဈေး ရှိ (၄)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဧရာဝတီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ကျားပျံဆန်များ မှာ ပြတ်လပ်မှုမရှိဘဲ လက်ကျန်များလည်းရှိပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မရှိပါကြောင်း၊ ဆိုင်ပိုင်ရှင်များကိုလည်း မိမိတို့ဌာနမှ ထုတ်ပြန်ထားသော တန်ချိန်(၂၅)တန်နှင့် အထက် သိုလှောင်ရုံပိုင်ရှင်များအနေဖြင့် MyRo မှတ်ပုံတင်ပြုလုပ်ကြရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းများ ဖြင့် ရောင်းဝယ်မှုပြုလုပ်ကြရန်၊ မသမာသောနည်းလမ်းဖြင့် ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။
DOCA(ရန်ကုန်)