
၄.၄.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး မြန်မာနိုင်ငံဆန်စပါး လုပ်ငန်း ရှင်များအသင်းမှ အဖွဲ့ဝင် ဦးတင်ရွှေတို့ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဆန်ဆိုင်များဖြစ်သော ပွင့်သစ်၊ စင်္ကြာရွှေရည်၊ အောင်မြန်မာ၊ ဆွေသဒ္ဒါ၊ ရွှေပြည့်ဝ၊ ယွန်းစန္ဒီ၊ ရွှေပြည်စိုးဆိုင်များတွင် ရောင်းချနေသော ရွေဘိုပေါ်ဆန်း၊ ကျားပျံနှင့် ဧရာဝတီပေါ်ဆန်းဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချလျက်ရှိပြီး အိတ်ဈေးနှုန်းများကိုလည်း (၈၀၀)ကျပ်မှ (၁၀၀၀)ကျပ် လျော့ပေးပြီး အိမ်အရောက်ပို့ပေးပါကြောင်း၊ အရောင်းလည်း အေးပါကြောင်း၊ လက်ကျန်အိတ်များလည်း များပြားစွာရှိပါကြောင်း၊ ဆန်များပြတ်လပ်မှုမရှိရအောင်လည်း ထပ်မံမှာယူထားပါကြောင်း၊ မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)