
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံး၌ ပြုလုပ်သော နွေရာသီအခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းတွင် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ဧပြီလ (၂)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းဟောပြော ခြင်း၊ မြို့နယ်ပြည်သူ့စာ ကြည့်တိုက် ဥက္ကဌ ဦးသန်းလွင်မှ နွေရာသီပန်းချီသင်တန်း တက်ရောက်ခြင်း၏ အကျိုးကျေးဇူးများ၊ သင်တန်းတက်ရောက်ရာတွင်လည်း စိတ်ဝင်စားစွာ လေ့လာဆည်းပူး သင်ကြားကြရန် အသိပညာပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းမော်မှ ဝန်ကြီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်း များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များအကြောင်း ရှင်းလင်းဟောပြော အသိပညာပေးခဲ့ပါသည်။ ထို့နောက် သင်တန်းဆရာ မှ အခြေခံပန်းချီရေးဆွဲနည်းအား ဆက်လက် သင်ကြား ပို့ချပေးခဲ့ပါသည်။ အခြေခံပန်းချီ ရေးဆွဲနည်း သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)