
မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ သုံးရာသီများထဲမှ နွေဦးကာလအစသို့ ရောက်ရှိလာသည်နှင့်အမျှ အပူချိန်လွန်ကဲမှုကြောင့် အများပြည်သူများသည် အပူဒဏ်ကို အံတုနိုင်အောင် ပန်ကာများကို ဝယ်ယူအသုံးပြုလာကြသည်။ ပန်ကာအမျိုးအစားများထဲမှ အားသွင်းပန်ကာ များဖြစ်သည့် အိတ်ဆောင် Mini Fan၊ Mini Fan၊ Mini Air Cooler၊ Table Fanများ အသုံးပြုသူ များလာကြသည်။ လူအများစုသည် တစ်နေ့တာလှုပ်ရှားသွားလာ၍ လုပ်ငန်းခွင်အတွင်း သယ်ဆောင်ရလွယ်ကူသော အိတ်ဆောင် Mini Fanများ အသုံးပြုသူ များလာပြီး Mini Fan၊ Mini Air Cooler Fan ၊ Table Fan များကို အိမ်တွင် အသုံးပြုကြသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ရုံးမှ ဝန်ထမ်းများသည် Orange Super Market ဆိုင်မန်နေဂျာ နှင့် တွေ့ဆုံမေးမြန်းရာတွင် နွေဦးကာလအစ ရာသီဥတုပူပြင်းသောကြောင့် အများပြည်သူများသည် အိတ်ဆောင် Mini Fanများနှင့် Mini Air Cooler Fanများ အရောင်းသွက်လာသည်ဟု ပြောကြားခဲ့ပြီး မြန်မာတို့၏ ရိုးရာဓလေ့များအနက်မှ တန်ခူးလတွင် မကြာမီ ကျရောက်လာတော့မည်ဖြစ်သော မဟာသင်္ကြန် ပွဲတော်ကို ကြိုဆိုသောအားဖြင့် ဆိုင်တွင် ပုံမှန်ရောင်းချပေးနေသော ဈေးနှုန်းထက် လျော့၍ ဈေးနှုန်းလျော့ရောင်းချပေးနေသည်ဟု ဆိုင်မန်နေဂျာထံမှ သိရှိရပါသည်။
DOCA(ရန်ကုန်)