Main menu

“ စည်သွပ်အစားအစာအမျိုးမျိုးအားကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ Orange Super Market တွင် အသင့်စားစည်သွပ် အစားအစာအမျိုးမျိုးတို့နှင့် ပတ်သတ်၍ ကုန်စည်ပေါ်၌ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား ၂၀၂၅ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပတ်သတ်၍ စားသုံးသူရေးရာဦးစီးဌာန၊ သန်လျင်မြို့နယ်မှ ဒေါ်ငြိမ်းငြိမ်းဝင်း (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာ ရပ်ကွက်ရှိ Orange Super Market သို့သွားရောက်ပြီး မန်နေဂျာနှင့်တွေ့ဆုံ၍ အသင့်စား စည်သွပ် အစားအစားများအား ဝယ်ယူစားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရန်အလို့ဌာ ကုန်စည်အပေါ်၌ ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်သော်လည်းကောင်း၊ ဖော်ပြ ရန် မဖြစ်မနေဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်းမရှိသည့် ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)