
ပြည်တွင်းကမ်းရိုးတန်းဆိပ်ကမ်းကြပ်မတ်စစ်ဆေးရေးအဖွဲ့(One Stop Service-OSS) အဖွဲ့အား ၂၀၂၄ခုနှစ်၊စက်တင်ဘာလအတွင်း အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့နှင့်မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ဖြင့် ဖွဲ့စည်းခဲ့ရာ ပြည်တွင်းကမ်းရိုးတန်းသွားရေယာဉ်ဖြင့် သယ်ဆောင်လာသည့် ကုန်ပစ္စည်းများတွင် ပိတ်ပင်တားမြစ်သည့် ကုန်ပစ္စည်းများ၊ကန့်သတ်ပစ္စည်းများ၊ အကောက်ခွန် မဲ့ပစ္စည်း၊ တရားမဝင်ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သိရှိရပါ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ (၂-၄-၂၀၂၅)ရက်နေ့၊(၁၁:၃၀) အချိန် သိမ်းဦး ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် MV- လစန္ဒာ သင်္ဘောအား အဖွဲ့စုံဖြင့် သွားရောက်စစ်ဆေးခဲ့ကြရာ ကုန်စုံများကို စစ်ဆေးတွေ့ရှိခဲ့ပြီး၊ သက်ဆိုင်ရာဌာနများ၏ အထောက်အထားများပြသနိုင်သဖြင့် တရားဝင်ကုန်ပစ္စည်းများသာဖြစ်ကြောင်း၊ အထောက်အထားပြသနိုင်ခြင်းမရှိသော ကုန်ပစ္စည်းများကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ သိမ်းဆည်းဖမ်းဆီး အရေးယူခြင်းများကို ခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ ကြောင်းနှင့် ယခုလို ကမ်းရိုးတန်းသွားသင်္ဘောများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ နိုင်ငံံစီးပွားရေးဖွံ့ဖြိုး တိုးတက်လာမှာဖြစ် ကြောင်းကိုလည်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)