
ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များသည် ၃.၄.၂၀၂၅ ရက်နေ့ (၁၁:၀၀ မှ ၁၂:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် သာကေတ ဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော MT ဓနသိဒ္ဓိ င်္ဘောရေယာဉ်အား တရားမဝင်ကုန် ပစ္စည်းများတင်ဆောင်ခြင်း ရှိ/မရှိ ၊ လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်းများ မရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် (ရန်ကုန် မှ ဘုတ်ပြင်း )သို့ ထွက်ခွာမည့် သင်္ဘောတွင် အထွေထွေ ကုန်မျိုးစုံပစ္စည်းများ တန်ချိန် ( ၁၅၇ )တန်ကိုတင်ဆောင်နေကြောင်း စစ်ဆေး တွေ့ရှိပြီး တရား မဝင်ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်း မရှိပါကြောင်းနှင့် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ပြည်တွင်းရေကြောင်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)