Main menu

ကမ်းရိုးတန်းသွားရေယာဉ်များအားတရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ၃.၄.၂၀၂၅ ရက်နေ့ (၁၀:၀၀ မှ ၁၁:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့်  သာကေတ ဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော  MT ယုဇနမရိန်းအေ့စ်  သင်္ဘောရေယာဉ်အား တရားမဝင်ကုန်ပစ္စည်းများတင်‌ဆောင်ခြင်း ရှိ/မရှိ၊  လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်းများ မရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြပါ သည်။

     ထိုသို့စစ်ဆေးရာတွင်  (ကော့သောင်းမှ ရန်ကုန် )သို့ ထွက်ခွာလာသည့် သင်္ဘောတွင် ဆီအုန်းနှင့်ဆီကြမ်း စသည့်ကုန်ပစ္စည်းများ တန်ချိန် (၁၂၀၀)တန် ကိုတင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိပြီး  တရားမဝင်ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ  သိုဝှက်သယ်ဆောင်ခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းမှားပုံမှန် ဝင်/ထွက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)