Main menu

စားအုန်းဆီခွဲဝေရောင်းချပေးနေမှု အခြေအနေအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ တို့ပူးပေါင်း၍ (၂-၄-၂၀၂၅) ရက်နေ့ ၊  နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရန်ကင်း မြို့နယ်၊ ရန်ငြိမ်းလမ်း၊ (၆)ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော ဦးအောင်မြင့်မြတ်ဆီဆိုင်အား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ဆိုင်ရှင်နှင့် တွေ့ဆုံခဲ့ရာ ခွဲတမ်းရရှိသည့် ဆီပေပါများကို လက်ကားဈေးနှုန်းဖြင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အကြော်ဆိုင်များအား ခွဲဝေ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ဈေးကစားရန် အလို့ငှာ စားအုန်းဆီများ သိုလှောင်ထားခြင်း မရှိစေရေး အသိပေးပြောကြား ခဲ့ပါသည်။

DOCA(ရန်ကုန်)