Main menu

လှည်းကူးမြို့နယ်ရှိ ဆေးဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးသည် (၃.၄.၂၀၂၅) ရက်နေ့ နံနက်(၉:၄၅)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေးမှ ဈေးတာဝန်ခံ ဦးကျော်ဦး ပူးပေါင်း၍ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ ရောင်းချခွင့်လိုင်စင်ရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိ၊ သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါး၊ ဆေးဝါးဖြည့်စွက်စာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန် ခဲ့ကြောင်း၊ ၎င်းညွှန်ကြားချက်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး သောက်ဆေးအမျိုးမျိုးနှင့် လိမ်းဆေးအမျိုးမျိုး၊ အဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေး အမျိုးမျိုးတို့တွင်ကုန်အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစားအရေအတွက်နှင့် အသားတင်ပါဝင်မှုပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် ပြည်စုံမှန်ကန်စွာ ဖော်ပြထား ရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရနိုင် ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဈေးအတွင်းရှိ ဆေးပစ္စည်း အရောင်းဆိုင် (၅)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)