
စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းနှင့် ဝန်ထမ်းများ သည် မှော်ဘီမြို့မဈေးစည်ပင်သာယာရေးကော်မတီရုံးမှ ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ ၂.၄.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မှော်ဘီမြို့မဈေးအတွင်းရှိ အခြေခံစားကုန်များ၏ ဈေးကွက်ဆိုင်ရာ အခြေအနေနှင့်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။
စာရင်းကောက်ယူစုံစမ်းစစ်ဆေးခဲ့သည့် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ အာလူး၊ ငရုတ်(ရှည်/ပု)တို့တွင် ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် ကြီးမြင့်မှုမရှိဘဲ ဈေးနှုန်းသင့်တင့်မျှတစွာ ဝယ်ယူစားသုံးနိုင်သည်ကို စိစစ်တွေ့ရှိရပြီး ကြက်ဥ မှာလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ရောင်းချပေးနေခြင်းကြောင့် စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်း ချိုသာစွာဝယ်ယူစားသုံးနိုင်ကြောင်း၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းပုံမှန်ဝင်ရောက်လျက်ရှိနေခြင်း ကြောင့် ပြတ်တောက်မှုမရှိဘဲ အဆင်ပြေလျက် ရှိကြောင်း ပွင့်လင်းရာသီဖြစ်၍ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)