
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃.၄.၂၀၂၅) ရက်နေ့ နံနက်(၈:၄၅)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးမှ ဈေးတာဝန်ခံ ဦးလှသူနှင့်အဖွဲ့ များပူးပေါင်း၍ အခြေခံစားကုန်ဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်ခြင်း လုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးက အင်းစိန်ဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဈေး နှုန်းများ၊ သား၊ ငါး၊ ကြက်၊ ဝက်၊ ဆိတ်ဈေးနှုန်းများ၊ ဟင်းသီးဟင်းရွက်ဈေးနှုန်များကို သင့်တင့်သည့် ဈေးနှုန်းများအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းအတက်/အကျရှိ/မရှိကို ကွင်းဆင်းမေးမြန်း၍ နေ့စဉ်အမှန်တကယ်ရောင်းချဈေးနှုန်းများကို စာရင်းကောက်ယူ၍ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိပါသည်။ အင်းစိန်ဈေးအတွင်း ရောင်းချနေသော အခြေခံစား သောက်ကုန်ဈေးနှုန်းများ ပုံမှန်ရောင်းဝယ်လျက်ရှိပြီး မတ်လနှင့်ဧပြီလ ပထမပတ်အတွင်း ကုန်ဈေး နှုန်းနှိုင်းယှဉ်ပါက ကြက်သွန်နီ၊ ငရုတ်သီးခြောက်အနည်းငယ်ဈေးကျလာပြီး အသားဈေးနှုန်းများ အနည်းငယ်ဈေးတက်၍ ငါး၊ ငါးခြောက်၊ ဟင်းသီးဟင်းရွက်များ ပွင့်လင်းရာသီဖြစ်၍ ပိုမိုရောင်းချရ ကြောင်း၊ ဈေးရောင်းချသူများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန် အသိပညာ ပေးပြောကြားခဲ့ပြီး ဈေးနှုန်းကောက်ယူကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)