Main menu

ထန်းတပင်မြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၁.၄.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံး၊ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၄)ဦး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ(၁)ဦး ဆီလုပ်ငန်း ရှင်များအသင်းမှ (၂)ဦးတို့ပူးပေါင်းပါဝင်လျက် ထန်းတပင်မြို့နယ်ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၆၇)၊ ရတနာမွန်လမ်းမကြီး တူးချောင်းကျေးရွာရှိ ဒေါ်ကေသီဦးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းအား စာအုပ်စနစ်ဖြင့် အိမ်ထောင်စု တစ်စုလျှင်(၅၀)ဆယ်သားနှုန်းဖြင့် တစ်လကို (၂.၅)ပိဿာရရှိကြပြီး ရပ်ကွက်အလိုက် စနစ်တကျရောင်းချပေးပါကြောင်း သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးပါကြောင်း လက်ကျန်လည်းမထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)