Main menu

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့၊ နံနက် ၉း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်၊ အောင်မင်္ဂလာလမ်းရှိ Dawei Beauty ကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာ နိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၅)ပေပါကို ယာဥ်မောင်း ဦးတင်ထွန်းအောင်၊ ယာဉ်အမှတ် 5B-9527/ Nissan Diesel မော်တော်ယာဥ်နှင့် အလားတူ ၉း၃၀ နာရီအချိန်တွင် အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ် ယာဉ်ရပ်နား စခန်းသို့ Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ (၇၅))ပေပါကို ယာဥ်မောင်း ဦးအောင်နိုင်ထွန်း၊ ယာဉ်အမှတ် 5D-1817/ Hino မော်တော်ယာဉ်နှင့် Yadanarbon Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ (၄၁)ပေပါကို ယာဉ်မောင်း ဦးမျိုးမြင့်၊ ယာဉ်အမှတ် 2J-5796/ Nissan Diesel မော်‌တော်ယာဉ်တို့ဖြင့် တင်ဆောင်၍ ‌အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူ များက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၂၀၁) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)