Main menu

လေးမျက်နှာမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁.၄.၂၀၂၅)ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်တွင်  လေးမျက်နှာမြို့၊ ပခမ်းကျေးရွာ၊ အမှတ်(၅)ရပ်ကွက်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ လေးမျက်နှာမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ်ထွက် မတ်ပဲသီးနှံအပေါ် ဈေးနှိမ် ဝယ်ယူမှု ရှိ/မရှိ၊ လက်ရှိဝယ်ယူနေသော ကွင်းပေါက်ဈေး၊ ပွဲရုံအရောက်ဈေးများအား မေးမြန်း ဆွေးနွေးခဲ့ပါသည်။ ဒေသတွင်း ကုန်သည်များအနေဖြင့် တောင်သူများအပေါ် ဈေးနှိမ်ဝယ်ယူမှု မရှိကြောင်း၊ ကာလပေါက်ဈေး၊ ဒေသပေါက်ဈေးများဖြင့်သာ ဝယ်ယူလျက်ရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)