
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ(၂)တွင် ဧပြီလ ၁ ရက်နေ့၊ နံနက်ပိုင်း တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးတင်အေးဦးဆောင်ပြီး စားသုံးသူရေးရာ ဦးစီးဌာန မှတိုင်းဦးစီးမှူး ၊ဒုတိုင်းဦးစီးမှူး၊ခရိုင်ဦးစီးမှူးတို့တက်ရောက်၍ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ၁၆ ဦးတက် ရောက်ခဲ့ပါသည်။
အဆိုပါဈေးကွက်တွင် ရောင်းချနေသောကြံ့တံဆိပ်ဘိလပ်မြေ၊ ဆင်တံဆိပ်ဘိလပ်မြေ၊ ဈေးနှုန်းများဖြင့် ငလျင်မလှုပ်ခင်ဈေးနှုန်းနှင့် ငလျင်လှုပ်ပြီးဈေးနှုန်း ယခုလက်ရှိဈေးနှုန်းနှိုင်းယှဉ်၍ ယခင်ဆင်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ၂၃၀၀၀ဈေးမှ ငလျင်လှုပ်ပြီးချိန် တစ်အိတ်လျှင်ကျပ် ၂၈၅၀၀ ဈေးနှုန်းဖြင့်သွားပြီး ယခုကျပ် ၂၉၀၀၀ဈေးဖြင့်ရောင်းချနေသည်ကို သိရှိရကြောင်း အုတ်ဈေးနှုန်းနှင့် သဲဈေးနှုန်းမှ အတက်/အကျမရှိဘဲဘိလပ်မြေဈေးနှုန်းသာ ကြီးမြင့်နေမှုကို တိုင်းအစိုးရအဖွဲ့မှသိရှိပြီး အခက်အခဲဖြစ်နေချိန် ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဘိလပ်မြေများကိုလှောင်မထားရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရန် ပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)