Main menu

ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးအလှူငွေပေးအပ်ပွဲအခမ်းအနား

Powered by Drupal

     ပုသိမ်မြို့ဧရာရွှေဝါခန်းတွင် ဧပြီလ ၁ ရက်နေ့၊နေ့လယ်(၁၂)နာရီတွင် မြန်မာနိုင်ငံအတွင်း မတ်လ ၂၈ ရက်နေ့တွင် ပြင်းအား၇.၇ ရပ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အစိုးရအဖွဲ့ဝင်များ တိုင်း/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊အသင်းအဖွဲ့များတိုင်းအဆင့်ဌာနဆိုင်ရာများ ၊ကုမ္ဗဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

    အဆိုပါအလှူငွေပေးအပ်ပွဲတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊အစိုးရအဖွဲ့ဝင်များ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ကုမ္ဗဏီအသင်းအဖွဲ့များ၊စီးပွားရေးလုပ်ငန်းရှင်များမှ လှူဒါန်းမှုနှင့် တိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်အိတ် ၁၀၁၄ အိတ်နှင့် ငွေကျပ်သိန်း၁၀၀ လှူဒါန်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနတိုင်းဦးစီးမှူးနှင့် ဒုတိုင်းဦးစီးမှူးတို့ တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)