Main menu

ရွှေဘိုခရိုင် (၃/၂၀၂၅)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၅)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

 ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅ခုနှစ် မတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၅) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၃.၃.၂၀၂၅)ရက်နေ့တွင် အမဲသား ခြောက်၊ ဆိတ်သားခြောက်လုပ်ငန်းရှင်၊ (၅.၃.၂၀၂၅)ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်၊ (၁၀.၃.၂၀၂၅) ရက်နေ့တွင်ဆန်စက်လုပ်ငန်းရှင်၊  (၁၇.၃.၂၀၂၅)ရက်နေ့တွင် ကိတ်မုန့်၊ပေါင်မုန့်လုပ်ငန်းရှင် ၊ (၁၈.၃.၂၀၂၅) ရက်နေ့တွင် မုန့်မျိုးစုံလုပ်ငန်းရှင်တို့ဖြင့် တွေ့ဆုံဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊  အမိန့် ၊  ညွှန်ကြားချက်များကို  ဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေး ဆွေး နွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)