
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦး တို့ သည် ၁၁.၃.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၁၅)နာရီအချိန်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ Regency စက်သုံးဆီဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုရှိ/မရှိ စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိနှင့် စက်သုံးဆီ လက်ကျန်အခြေအနေ တို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းထောင့်ရှိ Regency ဆိုင်မှတာဝန်ခံ ဦးသူရဇော်မှ ပူးပေါင်းလျက် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများ လုံလောက်စွာ သိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကာ အချင်အတွယ် ပြည့်ဝမှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ ဆိုင်တာဝန်ခံအား အချင်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားရန်၊ သတ်မှတ် ရည်ညွှန်းဈေး အတွင်းသာ ရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
DOCA(ရန်ကုန်)