Main menu

“ ကော့မှူးမြို့နယ်၌နွေစပါးစံပြဧက(၁၀၀)စိုက်ခင်းတွင် နွေစပါးဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

ကော့မှူးမြို့နယ်၊ ဖေဖော်ဝါရီ  (၂၅) ရက်

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးဧက (၁၀၀)စံပြကွက်တွင် နွေစပါးစိုက်ပျိုး ဖြစ်ထွန်း အောင်မြင်နေမှုအခြေအနေအား ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ကွင်းဆင်းကြည့် ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ်မှ နွေစပါးစိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ဒုတိအုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ကော့မှူးမြို့နယ်၊ လာဝတီကျေးရွာရှိ နွေစပါးဧက(၁၀၀)စံပြကွက်တွင် တိုက်ရိုက်အစေ့ချကိရိယာ (Seeder)ဖြင့် နွေစပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင် နေမှုအခြေအနေနှင့် နွေစပါးစိုက်တောင်သူများအား ကော့မှူးမြို့နယ်အတွင်း နွေစပါးများကို လျာထားဧက ပြည့်မှီနိုင်ရေးနှင့် လျာထားချက်ကျော်လွန် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆန်ဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည် ဖြစ်သောကြောင့် နွေစပါးစိုက် တောင်သူများအနေဖြင့် ကြိုးပမ်းလုပ်ဆောင်သွား ကြရန်လိုကြောင်း၊ လက်ရှိအချိန်စိုက်ပျိုးပြီးစီးတဲ့ နွေစပါးစိုက်ခင်းတွေကို သီးနှံအထွက်နှုန်းကောင်းမွန်စေရေးတို့ အတွက် စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စံပြဧက(၁၀၀)စိုက်ခင်းတွင် နွေစပါးစိုက်ပျိုး ဖြစ်ထွန်းနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)