Main menu

“ သုံးခွမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

သုံးခွမြို့နယ်၊ ဖေဖော်ဝါရီ  (၂၄) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင် Oline Sale ရောင်းချ ခြင်းနှင့်ပတ်သတ်၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၃၀) တပင်ရွှေထီးလမ်း (၂)ရပ်ကွက်ရှိ Warso collection ဖက်ရှင်အသုံးဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ စားသုံးသူရေးရာ ဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ ၊ နေ့လည် (၀၂:၃၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မှရှိ စစ်ဆေးခြင်း၊ အလှကုန်ပစ္စည်းများ လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Oline စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း အပြင်အခြားသိကောင်းစရာများအား အသိ ပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)