
ဒလမြို့နယ် ၊ ဖေဖော်ဝါရီလ (၂၄) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချ လျက်ရှိသော ဈေးနှုန်းအခြေအနေအား ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဒလမြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များသို့ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး၏ ညွှန်ကြားမှုဖြင့် စားသုံးသူရေးရာဦးစီးဌာန တွံတေးမြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးချက်တို့ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ မောင်မောင်ဆေးဆိုင်၊ ကမာကဆစ်ရပ်ကွက်နှင့် စိန်ထွန်းဆေးဆိုင် ကမာကဆစ်ရပ်ကွက်တို့ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချ လျက်ရှိသော အကိုက်အခဲပျောက်ဆေး၊ သွေးကျဆေး၊ သွေးကျဲဆေး၊ လေဆေး၊ လေဆေး (ကလေး)၊ အာရုံကြောဆေး၊ အားဆေးစသည့် လူသုံးများသော ဆေးဝါးများ၏ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများတွင် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုအခြေအနေ၊ ဆေးဝါးထားသိုမှုနှင့် ဖြန့်ဖြူးရောင်းချမှုစနစ်များ၊ စံညွှန်းမညီဆေးဝါးများ၊ သက်တမ်းကုန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများ၊ စားသုံးသူ များဘေးအန္တရာယ်ရှိသည်ဟု ယူဆရသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သတ်၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားကာ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)