Main menu

နေကြာစားသုံးခြင်းနှင့်အသုံးပြုပုံ

Powered by Drupal

          နေကြာကိုဆီကြိတ်၍ စားသုံးကြသလို အစေ့ကိုလှော်၍လည်းစားသုံးကြပါသည်။ နေကြာစေ့ကို နေကြာဆီအဖြစ်ဆီကြိတ်ရာတွင် အခွံကိုမချွတ်ဘဲရောနှော၍ ဆီကြိတ်ကြပါသည်။ နေကြာစေ့(၁၀) ပိဿာကိုဆီကြိတ်လျှင် နေကြာဆီ(၅)ပိဿာအထိ ထွက်ရှိကြောင်းသိရှိရပါသည်။ ထို့အပြင် ဘေးထွက် ပစ္စည်းဖြစ်သော နေကြာကြိတ်ဖတ်(၅)ပိဿာခန့်ထွက်ရှိပါသည်။ ထိုကြိတ်ဖတ်ကို တိရစ္ဆာန်အစားအစာ အဖြစ်လည်းကောင်း၊ ငါးစာအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ နေကြာဆီကို သွေးတိုး၊ ဆီးချို သမားများနှင့် အခြားကျန်းမာရေးလိုက်စားသူများက ဝယ်ယူစားသုံးကြကြောင်းလေ့လာ သိရှိရပါသည်။

DOCA(ရှမ်း)