
မုန့်ဟင်းခါးသည် မြန်မာလူမျိုးများ၏ အကြိုက်ဆုံးအစားအစာ တစ်ခုဖြစ်ပါသည်။ မုန့်ဟင်းခါး များ ချက်ပြုတ်ရာတွင် ကိုယ်ပိုင်နည်းဟန်များ နှင့် ဒေသအကြိုက်များ ပေါင်းစပ်၍ ချက်ပြုတ်လေ့ရှိကြသည့်အတွက် ဟင်္သာတ မုန့်ဟင်းခါး၊ မြောင်းမြ မုန့်ဟင်းခါး၊ ငရုပ်ကောင်း မုန့်ဟင်းခါး၊ ပဲမုန့်ဟင်းခါး စသည်ဖြင့် မုန့်ဟင်းခါ ချက်ပြုတ်ရာတွင် ပါဝင်နေသည့် ပစ္စည်း များကို ထည့်သွင်းခေါ်ဝေါ်ခြင်း (သို့မဟုတ်) မုန့်ဟင်းခါးချက်ပြုတ်သည့် ဒေသအမည်ကို ထည့် သွင်း ခေါ်ဝေါ်တက်ကြပါသေးသည်။ ဟင်္သာတဒေသမှ ချက်ပြုတ်ရောင်းချသည့် မုန့်ဟင်းခါး သည်လည်း လူကြိုက်များလှသည့်အတွက် ရန်ကုန် ဆိုင်အချို့တွင်ပင် “ဟင်္သာတမုန့်ဟင်းခါး” ဟု အမည်တပ်၍ ရောင်းချရသည့်အထိ လူကြိုက်များလှပါသည်။
ဒါကြောင့် ဟင်္သာတတွင် မုန့်ဟင်းခါးဟင်းရည်များကို အနှစ်ပြုလုပ်၍သော်လည်း ကောင်း၊ အခြောက်မှုန့်ပြုလုပ်၍ သော်လည်းကောင်း လုပ်ကိုင်လာကြသည့် လုပ်ငန်းများစွာလည်း ပေါ်ထွက် လာခဲ့ပါတယ်။ ဟင်္သာမြို့ပြန်လက်ဆောင်အနေဖြင့်လည်း မုန့်ဟင်းခါး အနှစ်ထုပ်များမှာ အရောင်း သွက်ပြီး လူကြိုက်များလှပါတယ်။ အဆိုပါ မုန့်ဟင်းခါးအနှစ်ထုပ် များထဲမှ ၂၀၂၀ နောက်ပိုင်း တွင် နာမည်ကြီးလူကြိုက်များလာသည့် အမှတ်တံဆိပ်မှာ “သီရိမေ” ဖြစ်ပါသည်။ “သီရိမေ” မုန့်ဟင်းခါးအနှစ်လုပ်ငန်းကို ဟင်္သာတမြို့ရှိ ပန်းဘဲတန်းရပ်ကွက်၊ နတ်မော်လမ်း၊ အိမ်အမှတ် (၃၉)တွင် ဒေါ်ဝင်းလဲ့ရည် ဆိုသူမှစတင်၍ လုပ်သားအင်အား(၅)ဦး ခန့်ဖြင့် လုပ်ကိုင် ဆောင်ရွက် နေသော အသေးစားစက်မှုလုပ်ငန်းလေး တစ်ခုဖြစ်ပါသည်။ အသေးစား စက်မှုလုပ်ငန်း လိုင်စင် အမှတ် အစ-၁၄(၀၀၉၄၉) ရရှိထားသူ ဖြစ်တယ်လို့လဲ သိရှိရပါတယ်။ “သီရိမေ” စားသောက်ကုန် လုပ်ငန်းတွင် မုန့်ဟင်းခါးဟင်းရည်အနှစ် နှင့် အုန်းနို့ခေါက်ဆွဲဟင်းရည် အနှစ်များကို အထုပ် အကြီး၊ အလတ်၊ အသေး ဟူ၍ (၃)မျိုးခွဲ၍ ထုပ်ပိုးကာရောင်းချပါသည်။ မုန့်ဟင်းခါးဟင်းရည် အနှစ်တွင် ငါကြင်းဖြင့်ပြုလုပ်ထားသောဟင်းရည်အနှစ်၊ ငါးမြစ်ချင်းပြုလုပ်ထားသောဟင်းရည် အနှစ် နှင့် ငါးခူဖြင့်ပြုလုပ်ထားသောဟင်းရည်အနှစ် ဟူ၍ (၃)မျိုး(၃)စားရှိသည့်အတွက် ကြိုက်နှစ်သက်သလို ဝယ်ယူနိုင်ပါသေးတယ်။
“သီရိမေ” စားသောက်ကုန် လုပ်ငန်းမှထုတ်လုပ်ရောင်းချသည့် မုန့်ဟင်းခါးဟင်းရည်အနှစ် နှင့် အုန်းနို့ခေါက်ဆွဲဟင်းရည်အနှစ်များ ကို လူကြိုက်များရခြင်းမှာ ဟင်းရည်အနှစ်များထဲတွင် ငါးဖယ် နှင့် ဘဲဥများ ပါဝင်နေသည့်အပြင် အရသာမှာလည်း အိမ်ချက်မုန့်ဟင်းခါး စားရသည့် သဖွယ် လွန်စွာအရသာရှိလှသည့်အတွက် လူကြိုက်များရခြင်းဖြစ်ပါသည်။ “သီရိမေ” စားသောက် ကုန် လုပ်ငန်းအတွက် အသုံးပြုသောကုန်ကြမ်းများမှာ ဟင်္သာတဒေသထွက် ကုလားပဲ၊ ငါးကြင်း၊ ငါးဖယ်၊ နေကြာဆီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အရောင်တင်မှုန့် တို့ကို အသုံးပြု ထားတယ်လို့လဲ သိရှိရပါတယ်။ “သီရိမေ” စားသောက်ကုန်လုပ်ငန်းအား (၂၀၁၉) ခုနှစ်ခန့်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုအနေဖြင့် ကျပ်သိန်း(၃၀)ခန့် ရင်းနှီးမြုပ်နှံထားပြီး၊ တစ်နှစ်လျှင် အမြတ်ငွေ ကျပ်သိန်း(၄၀) ခန့်ရရှိသည့်အထိ အောင်မြင်ပြီး လူကြိုက်များတဲ့ အမှတ်တံဆိပ် တစ်ခုလည်းဖြစ်တယ်လို့ လေ့လာသိရှိရပါသည်။
DOCA(ဧရာဝတီ)