
ကန့်ဘလူမြို့တွင် ဒေသထွက် လက်လုပ်ချဉ်အမျိုးမျိုးကို လုပ်ကိုင်လျက်ရှိပြီး ပဲတီပင်ပေါက်ချဉ်၊ မုန့်ညှင်းချဉ်၊ သရက်ချဉ်၊ မုံလာချဉ်၊ သရက်သီးကုလာတည်ချဉ်၊ နှမ်းပတ်ချဉ်နှင့် သံပုရာချဉ် တို့ကို လုပ်ကိုင် ရောင်းချလျက်ရှိရာ ပဲတီပင်ပေါက်ချဉ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပဲတီပင်ပေါက်ချဉ် ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ် နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်ပန်ကန်လျှင်(၅၀၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးတွင် လက်လုပ်ချဉ်မျိုးစုံ ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)