Main menu

နတ်မောက်မြို့နယ် ကျောက်တံခါးဆည်ရေသောက် ဧရိယာအတွင်းရှိ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျောက်တံခါးဆည်နှင့် နတ်မောက်ဆည် ရေသောက်ဧရိယာတွင် ၂၀၂၁- ၂၀၂၂နွေနှမ်းရာသီ၌ စိုက်ပျိုးထားရှိသော နွေနှမ်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

          နွေနှမ်းများသည် ဆင်းရတနာ(၃)၊ ဆင်းရတနာ(၄)၊ ဆင်းရတနာ(၅)၊ ဆင်းရတနာ(၈) စမုံနက်မျိုးများဖြစ်ပြီး ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိကြောင်း ပူပြင်းမှုဒဏ်ခံနိုင်၍ အထွက်နှုန်းကောင်းသော နှမ်းမျိုးများဖြစ်ပြီး ဆင်းရတနာ(၈)မျိုးကို ဘုန်းတော်ပြည့်ကျေးရွာနှင့် ဘန်းကုန်းကျေးရွာ တို့တွင် မတ်လဆန်းပိုင်းမှ စတင်စိုက်ပျိုးထားရှိပြီး ဇွန်လတတိယပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် နတ်မောက်မြို့နယ်တွင် နွေနှမ်း စိုက်ဧက စုစုပေါင်း (၉၁၀)ဧကရှိကြောင်း သိရှိရပါသည်။

          နှမ်းစိုက်ဒေသအများစုသည် မိုးရေကို မျှော်ကိုးစိုက်ပျိုးရသဖြင့် မိုးရွာမှု ပုံမှန်မဖြစ်လျှင် နှမ်းအထွက်နည်းခြင်း၊ နွေနှမ်းသည် အလင်းရောင်လုံလောက်အောင်ရရှိပြီး နှမ်းပင် ရေလိုအပ်ချိန်၌ ရေသွင်းပေးသဖြင့် အထွက်နှုန်းကောင်းခြင်းဖြစ်ကြောင်း၊ နှမ်းပင်အခြေ ရေမဝင်ရန် စိမ့်ရေဖြင့် ရရှိအောင် ရေပေးမြောင်းစနစ်ဖြင့် စနစ်တကျရေပေးသွင်းရန်လိုအပ်ပြီး  ဘောင်တင်ခြင်း၊ ဘောင်သုံးတန်းတွင် ရေသွင်းမြောင်းထားရှိခြင်း၊ ဘောင်တစ်ဘောင်ရေမြောင်း တစ်ခုထားရှိခြင်းစသည့် ရေသွင်းနည်းစနစ်ဖြင့် နှမ်းစေ့မှအညှောင့်ပေါက်ချိန်၊ ပွင့်ဖူးပေါ်ချိန်၊ အပွင့်များလှိုင်လှိုင်ပွင့်ချိန်တို့တွင် သင့်တင့်မျှတသော ရေကိုမဖြစ်မနေသွင်းပေးရန် လိုအပ်ကြောင်းလည်းသိရှိရပါသည်။

DOCA(မကွေး)