Main menu

ပဲခူးမြို့နယ်အတွင်း Talk Show အစီအစဉ်ဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်း သည် ၂၀၂၂ ခုနှစ် ၊ မေလ ၁၈ ရက်၊ နံနက် ၁၀:၀၀ နာရီတွင်  ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့်  စာသုံးသူအကာအကွယ်ပေး‌‌ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ပဲခူးမြို့နယ်တာဝန်ခံ ဦးဗိုလ်မြတ်လင်းမှ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်(သို့)ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများ ကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်လမ်းများ၊ ဆက်သွယ်တိုင်ကြားနိုင်သည့် လိပ်စာများနှင့် တိုင်ကြားလာမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးမှုအခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)