Main menu

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့  ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ဝင်းထွဋ် ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန နှင့် မောင်တောကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများပါဝင်သော မောင်တောမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည်(၁၇-၅-၂၀၂၂)ရက်နေ့ နေ့လည်(၁၀:၀၀)နာရီအချိန်တွင် မောင်တောမြို့ အလယ်သံကျော် ပန်းတောပြင်ကင်းစခန်း၌ မောင်တောမြို့ အဝင်/အထွက် ကုန်တင်မော်တော်ယာဉ်များအား တရားမဝင်ကုန် ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

          မောင်တောမြို့နယ်အတွင်းသို့ ပြည်တွင်း/ပြည်ပမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက် ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်ခြင်းဖြစ်ပြီး တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီ ရရှိခြင်း မရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)