Main menu

မုံရွာခရိုင်ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

Powered by Drupal

       ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌(၁၃.၅.၂၀၂၂)ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌခေါင်းဆောင်၍ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဦးစီးပြီးခရိုင်ပညာရေး၊ခရိုင်ကျန်းမာရေး၊ ခရိုင်စိုက်ပျိုးရေး၊ ခရိုင်လမ်းဦးစီး၊ ခရိုင်လျှပ်စစ်၊ ခရိုင်စားသုံးသူရေးရာနှင့် အခြားခရိုင်အဆင့်မိတ်ဖက်ဌာနများတက်ရောက်သော မုံရွာခရိုင်အတွင်းမြို့နယ်အလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။

        အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်တင်မိုးက  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းခရိုင်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ခရိုင်(၃)ခုတွင် ကျင်းပပြီးဖြစ်ကြောင်း၊အထက်ဌာန၏လမ်းညွှန်ချက်အရ မိမိမုံရွာခရိုင် တွင်လည်း ယခုလိုစီမံကိန်းပေးအပ်ပွဲအခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း၊ စီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာဌာများအနေဖြင့် စာရင်းဇယားများမှန်ကန်စေရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊မိမိတို့ဒေသ၏ GDP ပြည့်မီစေရေးဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

      ထိုနောက် မုံရွာခရိုင်စီမံကိန်းဦးစီးမှူးက မုံရွာခရိုင်နှင့် မုံရွာခရိုင်အတွင်းရှိ မြို့နယ်များအလိုက် လယ်ယာကဏ္ဍ၊စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍများ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းကဏ္ဍအလိုက် စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး ရည်မှန်းချက်များ၏ ပါဝင်မှုအချိုးရာခိုင်နှုန်းများနှင့် တိုးတက်မှုနှုန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့(၄)ဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ(၁၁)ခုအား ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဌက ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)