Main menu

မုံရွာ၌ ခရိုင်အဆင့် ဌာနဆိုင်ရာများအား စားသုံးသူအသိပညာပေး ဟောပြော

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ၁၆.၅.၂၀၂၂ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်သော ခရိုင်စိုက်ပျိုးရေး‌၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုစီမံကြီးကြပ်ရေးအစည်းအဝေးသို့ တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

           ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးက တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများအား ဦးစွာနှုတ်ခွန်းဆက်ပြီး စားသုံးသူရေးရာ ဦးစီး ဌာန(DOCA)၏ လုပ်ငန်းဆောင်ရွက်ချက်များ မျှော်မှန်းချက်၊ ရည်မှန်းချက်များကိုမိတ်ဆက် ပြောကြားခဲ့ပါသည်။ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်  မိမိတို့ဌာနကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နှင့် ရောထွေးနေတတ်ကြသောကြောင့် DOCA နှင့် FDA တို့၏ ဝန်ကြီးဌာနဖွဲ့စည်းပုံ၊ တိုင်း/ခရိုင်/မြို့နယ်များ၏ ရည်မှန်းချက်တာဝန်များ၊ ဌာနနှစ်ခုတွင် အသုံးပြုကျင့်သုံးနေသည့် ဥပဒေအမည်များနှင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် မတူညီသော လုပ်ငန်းဆောင်ရွက်ချက်များအား  ခွဲခြားသိမြင်စေရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

           ဆက်လက်၍ မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့်အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ဥပဒေတွင် အခန်း(၂၅)ခန်း၊ ပုဒ်မ ၈၄ ခုပါဝင်ကြောင်းနှင့် ဥပဒေတွင်ပါရှိသော အမည်နှင့်အဓိပ္ပာယ် ဖော်ပြချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားကူးသန်းဝန်ကြီးက ဥက္ကဌ၊ မိမိတို့ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက ဥက္ကဌ၊ တိုင်းဒေသကြီးဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနကအတွင်းရေးမှူးဆောင်ရွက်ပြီး မိတ်ဖက်ဆက်စပ်ဌာ(၉)ခုက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ကော်မတီအစည်းအဝေးကို လစဉ်(၁)ကြိမ်ကျင်းပပြီး အမှာစာများတင်ပြကာ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားလာသည့်အမှုများ၏ ဖြေရှင်းပြီးစီးမှုများကို အတည်ပြုချက်ရယူကြောင်း၊ ထို့အပြင် ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ဦးစီးမှူးရုံး၏လုပ်ငန်းတာဝန်များနှင့် စစ်ဆေးရေးအရာရှိခန့်အပ် တာဝန်ပေးအပ်ထားရှိမှုအခြေအနေများရှင်းလင်းဆွေးနွေးခြင်း၊ ဥပဒေပါ စားသုံးသူများရသင့်သော အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ အခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ပါက တိုင်းနှင့်ပြည်နယ်များရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ  (CICC)တွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များစသည်တို့ကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများကလည်း သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)