Main menu

မကွေးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြလာစေရေး၊စားသုံးသူကာကွယ်ရေးဥပဒေအရကိုက်ညီမှုရှိစေရေး၊စားသုံးသူ များဘေးကင်းစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်သည့်ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာထည့်သွင်းဖော်ပြလာရေးတို့အတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များ၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား စဉ်ဆက်မပြတ် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ၂၀၂၂ခုနှစ်၊ မေလ(၁၈)ရက်နေ့အထိ တိုင်းဒေသကြီးအတွင်းရှိ အချိုရည်နှင့်ယိုမျိုးစုံ ကုန်အမှတ်တံဆိပ်(၄)ခု၊ ကုန်စည်(၉)မျိုး၊ အရန်သင့်အစားအစာ ကုန်အမှတ်တံဆိပ်(၃၀)ခု၊ ကုန်စည်(၆၆)မျိုး၊ အသင့်စားမုန့်မျိုးစုံ ကုန်အမှတ်တံဆိပ်(၃၇)ခု၊ ကုန်စည် (၁၀၉) မျိုး၊နို့နှင့် နို့ထွက်ပစ္စည်း ကုန်အမှတ်တံဆိပ်(၂)ခု၊ကုန်စည်(၁၂)မျိုး၊စားသုံးဆီ ကုန်အမှတ်တံဆိပ် (၂၆)ခု၊ ကုန်စည် (၂၁၀)မျိုး၊ သောက်ရေသန့် ကုန်အမှတ်တံဆိပ် (၈၀)ခု၊ ကုန်စည်(၁၁၆)မျိုး၊ ယမကာ ကုန်အမှတ်တံဆိပ်(၂)ခု၊ ကုန်စည် (၁၀)မျိုး၊ လူသုံးကုန်ပစ္စည်း ကုန်အမှတ်တံဆိပ်(၂)ခု၊ ကုန်စည်(၉)မျိုး၊ တိုင်းရင်းဆေးကုန်အမှတ်တံဆိပ်(၁)ခု၊ ကုန်စည် (၂)မျိုး၊  ဟင်းလျာများတွင် အရောင်၊အနံ့၊အရသာအတွက်အသုံးပြုသောပစ္စည်း  ကုန်အမှတ်တံဆိပ်(၃)ခု၊ ကုန်စည်(၁၀)မျိုး၊ အလှကုန်ပစ္စည်း ကုန်အမှတ်တံဆိပ်(၁)ခု၊ ကုန်စည်(၁)မျိုး၊ စုစုပေါင်း ကုန်အမှတ်တံဆိပ် (၁၈၈)ခုနှင့် ကုန်စည်(၅၅၄)မျိုးတို့အား လုပ်ငန်း ရှင်များမှ နမူနာကုန်အမှတ်တံဆိပ်များ တင်ပြ လာမှုအပေါ်စိစစ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကိုက်ညီမှုနှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံမှုရှိသဖြင့် ဈေးကွက်အတွင်းဖြန်ဖြူးရောင်းချနိုင်ရန် လုပ်ငန်းရှင်များအား ပြန်လည်အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

         စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြ ပေးခြင်း၊ စားသုံးသူပြည်သူများအား ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းအားဖြင့် စားသုံးသူများ စိတ်ကြိုက်ရွေးချယ် ဝယ်ယူသုံးစွဲလာနိုင်သဖြင့် စိတ်ကျေနပ်မှုရရှိစေပြီး ကုန်စည်များအပေါ်တွင် ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲလာနိုင်သဖြင့် ဈေးကွက်အတွင်းရောင်းအားမြင့်တက်လာပြီး လုပ်ငန်းရှင်များအတွက်လည်း စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ စားသုံးသူနှင့်လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းမှု (Win–Win) အခြေအနေဖြစ်ပေါ်လာစေရေး စားသုံးသူရေးရာဦးစီးဌာနမှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)