Main menu

ကျောက်တံခါးမြို့နယ်အတွင်းဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်    မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ (၁၀.၅.၂၀၂၁)   ရက်နေ့၊ နေ့လည် (၁၄ :၀၀ )နာရီတွင် ကျောက်တံခါး မြို့နယ် အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ ၊ စတိုးဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် မြန်မာနိုင်ငံတွင်လည်း ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော Import Registration (IR) ဖော်ပြ ထားခြင်းမရှိသော Plaster များတင်သွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်း တွေ့ရှိခဲ့ကြပြီး  အခြား မှတ်ပုံတင်ထားခြင်းမရှိသော ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားခြင်း မရှိသော ဆေးနှင့်ဆေးပစ္စည်းများအားလည်း စစ်ဆေးခဲ့ကြသည်။ ထို့ပြင် ဆေးဆိုင်များ အနေဖြင့် လည်း မှတ်ပုံတင်ထားခြင်း မရှိသော ဆေးများအား တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း ၊ရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)