Main menu

ကျိုက်မရောမြို့နယ်တွင် လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တာဝန်ခံသည်   ၂၄-၉-၂၀၂၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

   ထိုသို့ အသိပညာပေးခြင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မ‌ရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းစဉ်(၄)ရပ်အား ရှင်းလင်းပြောကြားရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်းခဲ့ပြီး မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)