Main menu

ဗီယက်နမ်လယ်သမားများ ဒူးရင်းစိုက်ပျိုးမှုဘက်သို့ ပြောင်းလဲလာကြသဖြင့် ကော်ဖီစျေးနှုန်းများတက်လာ

Powered by Drupal

      ရောဘတ်စတာကော်ဖီ၏ နိုင်ငံတကာစျေးနှုန်းများသည် ရာသီဥတုမသာယာခြင်း၊ အာရှတွင် စားသုံးမှုတိုးလာခြင်းနှင့် တရုတ်နိုင်ငံတွင် ဒူးရင်းသီးများကို လူကြိုက်များခြင်းတို့ကြောင့် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

        ဗီယက်နမ်နိုင်ငံသည် ကော်ဖီစေ့ထုတ်လုပ်မှုတွင်လည်းကောင်း၊ Robusta ကော်ဖီထုတ်လုပ်ရာတွင်လည်းကောင်း ကမ္ဘာ့အဆင့် (၂) နေရာတွင်တည်ရှိသည်။ သို့သော် ဗီယက်နမ်နိုင်ငံအတွင်းရှိ လယ်သမားများသည် ဆူးသောအသွင်အပြင်၊ ချိုသောအရသာနှင့် စူးရှသောအနံ့တို့ကြောင့် လူသိများသော ဒူးရင်းသီးကိုသာ အစားထိုးပြောင်းလဲ၍စိုက်ပျိုးလာကြသည်။

         “အသီးနှံတွေရဲ့ဘုရင်” လို့ အမည်ပေးထားတဲ့ ဒူးရင်းသီးမှာ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၌ အလွန်ရေပန်းစားလာခဲ့သည်။ ဗီယက်နမ်၊ တရုတ်သို့ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၃ခုနှစ်တွင် ဒေါ်လာ၂ဘီလီယံကျော်ရှိပြီး ယခင်နှစ်ထက် ငါးဆပိုများကြောင်း ဒေသတွင်းအစီအရင်ခံစာများအရ သိရှိရသည်။ ယခုနှစ်တွင် ပိုမိုတိုးတက်လာဦးမည်ဟုလည်းမျှော်လင့်ထားကြသည်။

         ဒူးရင်းစိုက်ပျိုးမှုဘက်သို့ ပြောင်းလာခြင်းသည် ကော်ဖီပင်များစိုက်ပျိုးရန် မြေဧရိယာကိုလျော့ပါးစေပြီး ထောက်ပံ့မှုများကိုကျဆင်းစေသည်။ ကော်ဖီသည် အပူပိုင်းဒေသများတွင် အကောင်းဆုံးဖြစ်ထွန်းပြီး သစ်တောပြုန်းတီးမှုအား တွန်းအား‌ပေးကြီးထွားလာခြင်းကြောင့် စိုက်ပျိုးရန် မြေနေရာသစ်များအားရှာဖွေရန် ပိုမိုခက်ခဲလာစေသည်။

          ဗီယက်နမ်၏ ကော်ဖီထုတ်လုပ်မှုသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း စုစုပေါင်းအိတ် ၂၉.၂သန်းကီလိုဂရမ်အလေးချိန်ရှိခဲ့ပြီး နှစ်စဥ် ၉.၈ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နိုင်ငံတကာကော်ဖီအဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

Source : Nikkei.com

DOCA(ရန်ကုန်)