Main menu

အမေရိကန်သံမဏိသဘောတူညီချက်ဆိုင်ရာ သက်ဆိုင်သူများနှင့်တွေ့ဆုံရန် အမေရိကန်သို့ သွားရောက်မည့် ဂျပန်နိုင်ငံ Nippon Steel ကုမ္ပဏီမှ အမှုဆောင်အရာရှိ

Powered by Drupal

      ဂျပန်နိုင်ငံ Nippon Steel ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Takahiro Mori သည် ကုမ္ပဏီ၏ အမေရိကန်သံမဏိဝယ်ယူမှုအတွက် အဓိကညှိနှိုင်းသူဖြစ်ပြီး သဘောတူညီချက်ကိုအပြီးသတ်ရန် ဆက်လက်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် သက်ဆိုင်သူများနှင့်တွေ့ဆုံရန် လာမည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

       ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် Nippon Steel ကုမ္ပဏီသည် အမေရိကန်သံမဏိစက်ရုံကိုလွှဲပြောင်းရယူရန် ဒေါ်လာ၁၅ဘီလီယံနီးပါးကမ်းလှမ်းခဲ့ပြီး ဒီမိုကရက်တစ်သမ္ပတ ဂျိုးဘိုင်ဒင်နှင့် ရီပတ်ဘလီကန်သမ္ပတဟောင်း ဒေါ်နယ်ထရန့်တို့အပြင် United Steel Workers (USW) သမဂ္ဂတို့၏ ဆန့်ကျင်မှုကိုတွန်းအားပေးခဲ့သည်။

          USW မှ ပံ့ပိုးကူညီမှုရရှိရန် Nippon Steel သည် US Steel အခြေစိုက်ရာ Pittsburgh, Pennsylvania သို့ ၄င်း၏အမေရိကန်ရုံးချုပ်ကိုပြောင်းရွှေ့ရန် ကတိကဝတ်ပြုထားပြီး သဘောတူညီချက်ရရှိပါက အလုပ်အကိုင်လုံခြုံ‌ရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကတိကဝတ်များကို ကမ်းလှမ်းသွားမည်ဖြစ်သည်။

          Mori သည် လာမည့်သီတင်းပတ်တွင် Pittsburgh သို့သွားရောက်မည်ဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေသခံဝန်ထမ်းများ၊ ရွေးကောက်ခံအရာရှိများနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း Bloom berg သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

      အမေရိကန်တရားရေးဌာနသည် ယုံကြည်မှုဆန့်ကျင်ရေးပြန်လည်သုံးသပ်မှုတွင် အချက်အလက်အကြောင်းအရာများကို အသေးစိတ်ရှာဖွေခဲ့ပြီးနောက် ဂျပန်သံမဏိထုတ်လုပ်သူများအား ၂၀၂၄ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် သဘောတူညီချက်ကိုပိတ်သိမ်းရန် မျှော်လင့်ထားသည်။ သို့သော် ဥရောပကော်မရှင်သည် အဆိုပါသဘောတူညီချက်ကို အတည်ပြုထားပြီဖြစ်သည်။

         ထိုကဲ့သို့ဆန်ကျင်မှုများမြင့်တက်နေသော်လည်း အမေရိကန်သံမဏိရှယ်ယာရှင်အများစုသည် ဧပြီလတွင် အဆိုပါသဘောတူညီချက်ကို ထောက်ခံမဲ‌ပေးခဲ့ကြကြောင်းသိရှိရပါသည်။

Source : Reuters

DOCA(ရန်ကုန်)